Thursday, November 7, 2013

အလကာဖြစ်မှာစိုးလို့



အလကာဖြစ်မှာစိုးလို့

"ဟေ့၊ မင်း အခုထိ နောက်မိန်းမ မယူသေးဘူးလား၊ မင်းရဲ့ ပထမဇနီး ကွယ်လွန်သွားတာ ၂-နှစ်ရှိနေပြီပဲ၊နောက်မိန်းမ ယူရင် ဘယ်သူမှ ကဲ့ရဲ့မှာ မဟုတ်တော့ပါဘူးကွ"

"ငါသိပါတယ်၊ အောင်သွယ်တွေက ငါ့ကို အမျိုးသမီးတချို့နဲ့ မိတ်ဆက်ပေးပြီးပါပြီ၊ သူတို့အားလုံး အပြစ်ပြောစရာ မရှိပါဘူး၊ ဒါပေမယ့်ကွာ...."

"ဘာလဲ၊ မင်းအကြိုက် မတွေ့လို့လား"

"ဒီလိုလဲ မဟုတ်ပါဘူး၊တစ်ယောက်မှ အဆုတ်နာရောဂါစွဲကပ်တဲ့သူ မပါဘူး"

"အဆုတ်ရောဂါ ဟုတ်လား၊ ဘာဆိုင်လို့လဲကွ"

"မဟုတ်ဘူးလေ၊ ငါ့ပထမဇနီးဟာ အဆုတ်နာရောဂါကြောင့် သေသွားတယ် မဟုတ်လား၊ အေး သူသောက်ခဲ့တဲ့ဆေးတွေ အများကြီးကျန်နေသေးတယ်ကွ"

No comments:

Post a Comment