Friday, November 8, 2013

Miss Universe Final

ဒီနေ့ည မော်စကို စံတော်ချိန် ည ၉ နာရီ မှာ Miss Universe Final ကို ကျင်းပမှာ ဖြစ်ပါတယ်...

Miss Universe ၿပိဳင္ပြဲေ
နာက်ဆုံးအဆင့်ပြိုင်ပ
ွဲကို နိုဝင်ဘာ (၉) ရက်နေ့
တွင် ရုရှားနိုင်ငံမော်စကိုမြို့ရဲ့ စံတော်ချိန်ည၁၀နာရီမှာပြုလုပ်မှာဖြစ်
ပြီး

ထိုင်းနိုင်ငံဘန်ကောက်ရဲ့စံတော်ချိန်နံနက် ၁ နာရီဖြစ်တဲ့အတွက်
မြန်မာနိုင်ငံစံတော်ချိန် ည၁၂နာရီဝန်းကျင် မှာဒီပြိုင်ပွဲရဲ့ရလဒ်ကိုသိခွင့်ရမှာပါ။ ဒီပြိုင်ပွဲကျင်းပပုံအစအဆုံးကို

ရုရှားနိုင်ငံက Channel One ရုပ်သံလိုင်း

အင်ဒိုနီးရှားနိုင်ငံက Indosiar ရုပ်သံလိုင်း၊

အိန္ဒိယနိုင်ငံက Zoom ရုပ်သံလိုင်း၊

စင်္ကာပူနိုင်ငံက Mediacorp Channel 5 ရုပ်သံလိုင်း၊

သြစတေးလျနိုင်င်ငံက Channel 7 Two ရုပ်သံလိုင်း၊

ဖိလစ်ပိုင်နိုင်ငံက Velvet Channel ရုပ်သံလိုင်း၊

ဗင်နီဇွဲလားနိုင်ငံက Venevision ရုပ်သံလိုင်း၊
ကိုစတာရီကာနိုင်ငံက Teletica ရုပ်သံလိုင်းတွေကထုတ်လွှင့်ပြသ
သွားမှာပါ။

ကိုစိုပြေ ကို ကျေးဇူးတင်ပါတယ်..

Miss Myanmar Universe မိုးစက်ဝိုင်

Photo @ Nyikita Nyi

SH@K3

Miss Universe 2013

 Miss Universe 2013 People's Choice Award powered by Pageantology ကပေးတဲ့ဆုအား Myanmar ဆွတ်ခူးခြင်း

... Congratulation Moeset Wine !! & Cheer everyone!!!

Final Tally:

1. Myanmar - 32,350 votes 2. Philippines - 6,064 votes 3. Guyana - 4,932 votes 4. Thailand - 1,491 votes 5. Czech Republic - 744 votes

မတော်တဆ မီးလောင်ကျွမ်းမှုဖြစ်ပွား


မှတ်တမ်းတင် ဓါတ်ပုံ တပုံအဖြစ်နဲ့ ဖော်ပြလိုက်ပါတယ်...

အာက်တိုဘာ ၂၉ ရက်က နယ်သာလန်နိုင်ငံ Ooltgensplaat မှာ

လေအားလျှပ်စစ်တာဝါတိုင်ကြီး မတော်တဆ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်..

လောင်ကျွမ်းနေတဲ့နေရာဟာ တာဝါအောက်ကိုဆင်းတဲ့ဘက်အခြမ်းဖြစ်တာကြောင့် ဆန့်ကျင်ဘက်အခြမ်းမှာ ရောက်နေတဲ့ Engineer ၂ ယောက်ဟာ ဘယ်လိုမှ ရှောင်ထွက်လို့မရခဲ့ပဲ တာဝါပေါ်မှာပဲ တဦး နဲ့ တဦး ပွေ့ဖက်ထားရင်း မီးလောင်သေဆုံးသွားခဲ့ပါတယ်..

မှတ်တမ်းတင်အဖြစ်အပျက်တခုအနေနဲ့ -

SH@K3

နားလေးသူ……

နားလေးသူ……

လူနှစ်ယောက်သည် ရထားတစ်စင်းပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်ခုံတွေပေါ်မှာ ထိုင်နေကြ၏။…

တစ်ယောက်က…“ကျုပ်နားတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး အခြေအနေဆိုးလာတယ်ဗျာ။ဒါပေမယ့် ဒီနေ့လောက် ဆိုးတဲ့နေ့ မကြုံဖူးဘူး၊ ကျုပ် ဒီလောက်အထိနားလေးမယ်တောင် မထင်ဘူး၊ အခုဆို ကျုပ်နားတွေ ပင်းသွားပြီတောင်ထင်တယ်ဗျာ၊ အခုပဲ ကြည့်လေ…။ ခင်ဗျား ကျုပ်ကို စကားပြောနေတာနာရီဝက်လောက် ရှိနေပြီ၊ ကျုပ်နားက ဘာသံမှ မကြားရတော့ဘူး” ဟု ၀မ်းနည်းစွာ ဆို၏။…

ထိုအခါ ကျန်တစ်ယောက်က…“ကျုပ်လည်း ဘာမှ မပြောမိပါလားဗျာ၊ ပျင်းလို့ ပီကေ ၀ါးနေတာပါ” ဟု ဆို၏။

အိမ်နီးချင်း

 
လူပျိုလူလွတ်တွေကိုပဲငှားတဲ့ နှစ်ခန်းတွဲတိုက်ခန်းရဲ့တစ်ခြမ်းမှာ ကျွန်တော်ငှားနေနေတာကြာပြီ။

တစ်နေ့ကမှ ဘေးခန်းကိုလူသစ်တစ်ယောက် ရောက်လာတယ်။ ကျွန်တော့်ရဲ့အိမ်နီးချင်းသစ် ဆိုပါစို့

"ဟေ့လူ၊ ခင်ဗျား ဘာလုပ်နေတာလဲဗျ။" လို့ မီးဖိုချောင်ထဲ ၀င်လာရင်း သူကျွန်တော့်ကို မေးတယ်

"င်္ဘောင်းဘီကို မီးပူတိုက်နေတာလေ"

"င်္ဟာ၊ ဘောင်းဘီကို ဒီလိုမတိုက်ရပါဘူး၊ ပေး၊ ကျွန်တော် တိုက်ပြမယ်။"င်္

င်္ကျွန်တော့်ဘောင်းဘီရှည်ဟာ အပျံစားမီးပူတိုက်ထားတဲ့ ဘောလုံးကန်ဘောင်းဘီအဖြစ် အသွင်ပြောင်းသွားတယ်။

ငါးမိနစ်မကြာဘူး သူ့ဆီက လှမ်းအော်သံကြားရတယ်ဗျာ

"င်္ဟေ့လူ၊ အခု ခင်ဗျား ဘာပြင်နေတာလဲ င်္ င်္င်္

'င်္ရေခဲသေတ္တာကို ပြင်နေတာလေ"

"င်္ရေခဲသေတ္တာကို ဒီလိုပြင်ရသလားဗျာ၊ ဖယ် ဖယ်၊ ကျွန်တော် ပြင်ပေးမယ်။ "

င်္ကျွန်တော့်ရေခဲသေတ္တာထဲမှာ ၃၆.၆ စင်တီဂရိတ်ဒီဂရီကိုပဲ ပုံမှန်ပြနေတော့တယ်။

တစ်နေ့ကျွန်တော့်ဆီ နာတာရှာရောက်လာတယ်။ ဘယ်မှ မသွားပဲ ကျွန်တော်တို့နှစ်ယောက်အခန်းထဲ ထိုင်နေကြတယ်။

မမျှော်လင့်ပဲ ကျွန်တော့်အခန်းထဲ သူဝင်ချလာပြီး မေးတယ် ဗျာ

" င်္ခင်ဗျား ဘာလုပ်နေတာလဲဗျ

"င်္အမြင်ကပ်ကပ်နဲ့ ပြန်ပြောလိုက်တယ်။င်္

"င်္ကျုပ်ရည်းစားကိုကျုပ်နမ်းနေတာ။ "င်္

"ဟာ၊ အဲဒီလို နမ်းရသလားဗျာ။"င်္

င်္ကျွန်တော် အကြီးအကျယ်စိတ်ညစ်သွားတယ်။ သေချင်စိတ်ပေါ်လာတယ်။

ဒါနဲ့ ကြိုးဆွဲချသေမယ်ဆိုပြီး ခုံပေါ်တက်လိုက်တယ်။င်္

"င်္ဟေ့လူ၊ ခင်ဗျား ဘာလုပ်တာလဲဗျ။ " င်္

င်္ကြိုးဆွဲချသေမလို့ ..

ဟာ၊ ခင်ဗျားလုပ်ပုံ မဟုတ်သေးပါဘူး။ ဖယ် ကျွန်တော်ပြမယ် "

အဲဒီနေ့က စပြီးတော့မှပဲ ကျွန်တော်လည်း အေးအေးချမ်းချမ်းနေရတော့တယ်

Thursday, November 7, 2013

သဘောထားတင်းမာသူ ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သစ်ဖြစ်လာ

 ပါကစ္စတန်တာလီဘန်ခေါင်းဆောင် ဟာကီမူလာ မာဆု အမေရိကန်တို့ရဲ့ မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီးတဲ့နောက် အခုအခါ ပါကစ္စတန် တာလီဘန်ခေါင်းဆောင် သစ်အဖြစ် Mullah Fazlullahမူလာ ဖက်ဇ် လူလာကို ရွေးချယ်ခဲ့ကြပါတယ်။

အခုလို ခေါင်ဆောင်သစ်ရွေးဖို့ တာလီဘန် အုပ်ချုပ်ရေးကောင်စီက ရ ရက် အချိန်ယူခဲ့ရပါတယ်။

Mullah Fazlullah ဟာ အထူးသဖြင့် တင်းမာတဲ့ သဘောထားရှိတဲ့ တပ်မှုးတဦးဖြစ်ပြီး သူ့ရဲ့ တပ်က ပညာသင်ကြားခွင့် လှုပ်ရှားသူ ကျောင်းသူလေး မာလာလာ ယူဆွပ်ဇီကို သေနတ်နဲ့ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပါကစ္စတန်တာလီဘန်ခေါင်းဆောင်ဟောင်း မာဆုဟာ နိုဝင်ဘာ ၁ရက်နေ့က ဝါဇီရီစတန် မြောက်ပိုင်းမှာ ဒုံးကျည်ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး၊ ပါကစ္စတန်အစိုးရက သူနဲ့ ငြိမ်းချမ်းရေး ပြောဆိုဆွေးနွေးဖို့ ကြိုးစားနေတုံး သေဆုံးခဲ့တာပါ။

အခုလို တာလီဘန်ခေါင်းဆောင်သစ်အဖြစ် မူလာ ဖက်ဇ် လူလာကို ရွေးခဲ့တဲ့ အပေါ် ပါကစ္စတန်ပြည်သူ အများအပြားက ကျေနပ်ကြမဲ့ ပုံမရှိဘူးလို့ အစ္စလမ်မာဘတ်မှာရှိတဲ့ဘီဘီစီ သတင်းထောက် အမ်အီလီယက်စ် ခန်က ပြောပါတယ်။

သူဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ပြောဆိုဆွေးနွေးဖို့ကြိုးစားနေတာကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်နေသူတဦးဖြစ်ပြီး၊ သူ့အဖွဲ့ဟာ အကြမ်းဖက်ရေး လမ်းကြောင်းကို ဆက်လျှောက်ချင်နေကြတဲ့ အဖွဲ့ ဖြစ်တယ်လို့ မစ္စတာ ခန်က သုံးသပ်ပါတယ်။

မူလာ ဖက်ဇ် လူလာဟာ ၂၀၀၈ ၂၀၀၉ တုံးက ဆွတ်တောင်ကြားကို တာလီဘန်တွေ သိမ်းပိုက်စဉ် ဦးဆောင်ခဲ့သူဖြစ်ပြီး ကလေးတွေအတွက် ပိုလီယိုကာကွယ်ဆေးထိုးစီမံကိန်းကို စတင် အကြမ်းဖက်ဆန့်ကျင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ရေဒီယိုကနေ တင်းကြပ်တဲ့ အစ္စလမ်မစ်ဥပဒေတွေကို ဟောပြောလေ့ရှိလို့ မူလာရေဒီယိုလို့ နာမည်ပြောင်နဲ့ ခေါ်ကြပါတယ်။

၂၀၀၉ ခုနှစ်က အစိုးရတပ်တွေက သူ့ရဲ့ တပ်ဖွဲ့ကို Swat ဆွပ်တောင်ကြားက မောင်းထုတ်ခဲ့ပြီးတဲ့နောက် သူဟာ အာဖဂန် အရှေ့မြောက်ပိုင်းကို ပြောင်းရွေ့ အခြေစိုက်ပြီး ပါကစ္စတန်တပ်တွေကို တိုက်ခိုက်နေခဲ့တာပါ။

သူတို့ တိုက်ခိုက်မှုကြောင့် စက်တင်ဘာလက ပါကစ္စတန် ဗိုလ်ချုပ်ကြီးတဦး သေဆုံးခဲ့ပါတယ်။

ပါကစ္စတန်တာလီဘန်ခေါင်းဆောင်သစ် ဖြစ်လာပေမယ့် သူဟာ ပါကစ္စတန်နိုင်ငံထဲမှာ အခြေမစိုက်တာနဲ့ စစ်သွေးကြွတွေ အဓိက ခိုလှုံရာ လူမျိုးစုဒေသ ဝါဇီရီစတန် နယ်ခံ မဟုတ်တာတို့ဟာ သူ့ရဲ့ အဓိက အားနည်းချက် ၂ ခုဖြစ်တယ်လို့ မစ္စတာခန်က ပြောပါတယ်။

ဒါကြောင့်သူဟာ ဝါဇီရီစတန်နယ်ခံအများအပြားပါဝင်ပြီး သဘောထားအမြင်အမျိုးမျိုးနဲ့ အဖွဲ့ကွဲအမျိုးမျိုးရှိနေတဲ့ ပါကစ္စတန်တာလီဘန်အဖွဲ့ကို ထိန်းချုပ်ရာမှာ ပြသနာအများအပြား ရင်ဆိုင်ရလိမ့်မယ်လို့ လူအများက ယူဆနေကြပါတယ်။

အစ္စလမ်မာဘတ်မြို့မှာရှိတဲ့ ဘီဘီစီ သတင်းထောက် ရစ်ချတ် ဂဲပင်ကတော့ တာလီဘန်ခေါင်းဆောင်သစ်မူလာ ဖက်ဇ် လူလာဟာ မာဆုအသတ်ခံခဲ့ရတာအတွက် လက်စားချေလိုနေတယ်လို့ တာလီဘန်တွေကသူ့ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

စစ်သွေးကြွတွေဟာ ပါကစ္စတန်အစိုးရ စစ်တပ်နဲ့ အာဏာရပါတီကို ပစ်မှတ်ထားလိမ့်မယ်လို့ တာလီဘန်ပြောခွင့်ရပုဂ်ဂိုလ်က ဘီဘီစီ ကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)